ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

ဘူးသီးတောင် အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၈) နာရီအချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမရှေ့၌ မြို့မစည်ပင်သာယာစျေးသို့ စျေးရောင်း/စျေးဝယ်လာသူများ၊ ခရီးသွားပြည်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များက ပြည်သူများအားနှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ အိုမီခရွှန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၅အမျိးအစားသည် ရန်ကုန်မြို့အပါအဝင် အခြားမြို့ကြီးများ၌ လျင်မြန်စွာပျံ့နှံလျက်ရှိပြီး ရောဂါကူးစက်မှုများ ယခင်ကထက်များပြားလာသည့်အတွက် ကာကွယ် ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုး နှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)