ရွာငံမြို့နယ်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်ကာ အမျိုးသား/ အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန် ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များ တတ်မြောက်စေရန်အလို့ငှာ စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျင်းပခဲ့သည်။

မိုင်းရယ်၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် မြို့နယ်ရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧကထက် ၇၀၀၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၁၄၅၁၁၅ ဧကစိုက်ပျိုးရန်လျာထားခဲ့ရာ ယခု ၁၅၂၁၁၆ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ၇၀၀၁ ဧကကျော်လွန် စိုက်ပျိုးနိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၄ ဒသမ ၈၂ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇော်ထံမှ သိရသည်။

ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

အမရပူရမြို့နယ် လူထုအခြေပြု (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဂွေးချိုသီးပင်များစိုက်ပျိုးရာမှ မိသားစုအပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများအကြားတွင် သီးညှပ်ပင်အဖြစ် ဂွေးချိုသီးပင်များစိုက်ပျိုးကြရာ မိသားစုဝမ်းစာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်းသိရသည်။

ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ကွန်ကရစ်လမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက် ရဲမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ယနေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

မိုးနဲမြို့ ပြည်သူ့အားကစားကွင်း ကွင်းပတ်ကျောက်စီ၊ အုတ်စီရေတား မြေတားမြောင်း ဆောင်ရွက်မှုရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း တောင်ကျချောင်းရေများ ဝင်ရောက်မှုမရှိစေရေးအတွက် ကွင်းပတ် ကျောက်စီ၊ အုတ်စီရေတား မြေတားမြောင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ‌ငွေဖြင့်ဆောင်ရွက်ခဲ့ရာလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာများ လျာထား သတ်မှတ်ခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ၊ မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲတစ်နာရီက ဝါရီရူခန်းမ၌ ကျင်းပခဲ့သည်။

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း အေးရှားဝေါလ်တိုးဂိတ် ကွန်တိန်နာဝန်းအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြော

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ အေးရှားဝေါလ်တိုးဂိတ်၊ ကွန်တိန်နာဝန်းတွင် ယမန်နေ့ညနေ(၄)နာရီက အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဆန်းညွှန့်ဦးဦးဆောင်၍ ကွန်တိန်နာယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်(၂၀)ဦးတို့အား
Subscribe to