ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကော့သောင်း အောက်တိုဘာ ၁၄

ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အားလပ်ချိန်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်၊ စဉ်းစားတွေးတောဆင်ခြင်ကြံဆမှုနှင့် တီတွင်ဖန်တီးလိုစိတ်များ မြင့်မားလာစေပြီး ဖြတ်ထိုးဉာဏ်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုး