မင်းလှ အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊လူ ထုအခြေပြုဗဟိုဌာန (Commu nity Centre)ခန်းမ၌ မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ် ခြင်းအခမဲ့သင်တန်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်ကဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္တာအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်ကိုပြောကြားခဲ့သည်။
သင်တန်းတွင် မိုဘိုင်းဖုန်းဖြင့်ဗွီယိုတည်းဖြတ်ခြင်းကို မြို့နယ်ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးသန့်ဇင်စိုးက သင်တန်းနည်းပြအ ဖြစ်သင်ကြားပို့ချပေးခဲ့ရာ မိုဘိုင်းဖုန်းဖြင့် ဗွီယိုတည်းဖြတ်ခြင်းကို စိတ်ပါဝင်စားသော လူငယ်များတက်ရောက်ပြီး စိတ်ဝင် တစားသင်ယူခဲ့ကြသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိဖွင့်လှစ်၍ မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ရန် KineMaster ဆော့ဝဲထည့် သွင်းပေးကာ ရုပ်ပိုင်း၊ အသံပိုင်း၊ စာတန်းထိုး တည်းဖြတ်ခြင်း စသည့်အကြောင်းအရာများကို လက်တွေ့ပြသသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)