ပန်းတောင်းမြို့နယ်တွင် (ဆီထွက်သီးနှံ) စိုက်ပျိုးရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ချေးငွေများ ထုတ်ချေး

ပန်းတောင်း အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်မည့် ကျေးရွာသို့ စီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်​နေ့က ပဲကြီးအင်းကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်က မြစိမ်းရောင်‌ ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်း ရန်ပုံငွေများကို လွှဲပြောင်း‌ပေးအပ်ရာ ကျေးရွာကော် မတီဝင်များနှင့် ကျေးရွာသူ/သားများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်‌အတွင်း စီမံကိန်းအတွက်‌ ချေးငွေကျပ်သိန်း (၃၀၀)နှင့် မြောင်ရှည်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဆယ်ပေးကျေးရွာတို့၌  စီမံကိန်း‌ချေးငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)