ကြံခင်းမြို့နယ် (Community Centre)တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ စာအုပ် စာစောင်များ လှူဒါန်း

ကြံခင်း  အောက်တိုဘာ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ  ဆေးလိပ်နှင့်ပတ်သက် သည့် အသိပညာပေး စာအုပ် စာစောင်များကို ယမန်နေ့နံနက် ၁၁ နာရီက လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဒေါက်တာဦးတင်မောင်ထွေးနှင့် တာဝန်ရှိ သူများက ဆေးလိပ်ငွေ့ကင်းစင်ဝန်ထမ်းလက်စွဲစာအုပ်(၅)အုပ်၊  ဆေးလိပ်သောက်သုံးမှု ထိန်းချုပ် ရေးလက်စွဲ စာအုပ်(၂)အုပ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ မဂ္ဂဇင်းစာအုပ်(၃)အုပ်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ဥပဒေစာအုပ်(၁)အုပ်၊  ဆေးလိပ်နှင့်ကွမ်း Sticker များကို လှူဒါန်းရာ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းနှင့် တာဝန်ရှိသူများက လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)