ပန်ဆိုင်း(ကြူကုတ်) အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/သူလူငယ်လေးများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အပြောစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသားကျောင်းသူများအား ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အားပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူ(၁၂)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက်)