မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာနမှ စားသုံးရန်မသင့်​သော အစားအ​သောက်အမှတ်တံဆိပ်များ​ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်​ဆေး

ချောက် အောက်တိုဘာ ၂၁

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊ ​ချောက်မြို့နယ်၌ စားသုံးရန်မသင့်​သော အစားအ​သောက်အမှတ်တံဆိပ်များ​ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်​ဆေးခြင်းကို ယမန်​နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့တို့ ပူး​ပေါင်း၍​ ချောက်မြို့မ​စျေးရှိ စား​သောက်ကုန်မျိုးစုံဆိုင် (မုန့်မျိုးစုံဆိုင်) ရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်​ဆေးခဲ့သည်။

ထိုသို့စစ်​ဆေး​ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်ချို​ဝေလွင်၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ ဦးစီးအရာရှိ​ ဒေါ်လတ်လတ်​ဌေး၊ မြို့မ​​စျေးတာဝန်ခံ ဦးရဲကြည်​ဆွေတို့က စားသုံးရန်မသင့်​သောစား​သောက်ကုန် (၆)မျိုးအား​ ရောင်းချမှုမရှိ​စေ​ရေး၊ ကုန် ပစ္စည်းလက်ကျန်မရှိစေရေးနှင့် စားသုံးသူများအနေဖြင့် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းသော အစားအသောက်များအား စားသုံးနိုင်ရေးရည်ရွယ်၍ စျေးကွက်အတွင်းသို့​ ကောင်းမွန်​သောကျင့်စဉ်နှင့်အညီ ရောင်းချမှု ရှိ/ မရှိ စစ်​ဆေးခဲ့ပြီး အသိပညာ​ပေးခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

 (မြို့နယ်ပြန်/ဆက်)