နတ်မောက် အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေး တောင်သူများသည်ယခင်က မိမိတို့၏ လယ်မြေများတွင် စပါးများဖြစ်ထွန်းမှုနည်းပါး၍ ယခုအချိန်တွင် အထွက်နှုန်းကောင်းသည့် ဧရာမင်းစပါးမျိုးသန့်ကိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြရာ ဖြစ်ထွန်းမှုအောင်မြင်လျက်ရှိကြောင်း မြို့မရပ်ကွက်နေ ဧရာမင်းစပါးစိုက်ပျိုးသည့်တောင်သူ ဦးသံချောင်းထံမှ သိရသည်။
မြို့မရပ်ကွက်ရှိ (၅)ဧကမိုးစပါးဧရာမင်းစံပြကွက်များကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပိုးမွှားရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကင်းထောက်မှတ်တမ်းများရယူခြင်း၊ အဝါရောင်ပိုးထောင်ချောက် များထားရှိခြင်း၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးများပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြသ ပညာပေးသဖြင့်ဓာတုဆေးများ ချသုံးစွဲလျက်ရှိကြောင်းသိရသည်။ နတ်မောက်မြို့နယ်အတွင်း၂၀၂၂-၂၀၂၃ မိုးစပါးလျာထား(၂၁၀၀၀)ဧ ကဖြစ်ပြီးစက်တင်ဘာလအထိမိုးစပါးစိုက်ပျိုးပြီး (၂၁၇၃၆)ဧက ဖြစ်ကြောင်း သိရသည်။
လှဝင်း