မိုင်းယောင်း၌ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့က တာဝန်ရှိသူများနှင့်အတူ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး နေအိမ်တည်ဆောက်နေမှုအား သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီစေရေး၊ အချိန်မီပြီးစီးရေးနှင့် အဆောက်အအုံအရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များ၊ တည်ဆောက်ရေး လုပ်ငန်းမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အလားတူ ၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ်၊ မိုင်းလွေ-ဝမ်ပေါက် ကျောက်ခင်းလမ်း ခင်းနေမှုနှင့် ၂၀၂၀ -၂၀၂၁ ဘဏ္ဏာနှစ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားသော နမ့်ဖွန်ချောင်း ယာယီတံတား တည်ဆောက်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်-၂ ဦးစိုင်းဘွန်းစီနှင့် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း