ခန္တီး အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒသကြီး၊ ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်မှုအနေဖြင့် Mask Campaignကို ယနေ့နံနက်(၇)နာရီအချိန်က စည်ပင်သာယာရေးဈေးရှေ့ လမ်းဆုံတွင်ပြုလုပ်ခဲ့သည်။
အဆိုပါMask Campaing ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်ဖြိုးကို ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ဌာနဆိုင်ရာများ ပူးပေါင်းကာ ဈေးအတွင်းဈေးရောင်း ဈေးဝယ်ပြည်သူများနှင့် ဈေးရှေ့လမ်းဆုံရှိ လမ်းသွားလမ်းလာ ပြည်သူများအား Mask များအခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)