မုဒုံမြို့နယ်တွင် တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် တည်ဆောက်မည့်လျာထားမြေနေရာ သတ်မှတ်
မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များကိုအခြေခံသည့် ပြည်တွင်းထုတ်ကုန်များ ပိုမိုအားကောင်းစွာထုတ်လုပ်နိုင်ရန်နှင့် ဒေသတွင်းတောင်သူများ စီးပွားရေး အခွင့်အလမ်းများ ကောင်းမွန်စေရန် ရည်ရွယ်၍ မုဒုံမြို့နယ်တွင် တန် (၆၀) ကျဆန် ကြိတ်ခွဲစက် တည်ဆောက်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ငွေမိုးဟိုတယ်၌ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အောင်သဇင် စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။