နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ ကျိုင်းတုံမြို့၏  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျိုင်းတုံမြို့၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင်သစ်ဖွင့်လှစ်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ်တိုးချဲ့ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဘားအံမြို့ အမှတ် (၁) ရပ်ကွက်၊ ကျော်ဇေယျလမ်းရှိ အဆိုပါဆေးရုံကြီး တိုးချဲ့ဆောင်သစ်ရှေ့၌ ကျင်းပသည်။

နမ့်ဆန်မြို့တွင်‌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲပြုလုပ်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ဦးဆောင်ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၂)(၃)ဆင်းပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေဖီဦးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် ရိုးရာဂျပ်ခုတ်သင်တန်းများဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်-၅ နှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်-၁၉ သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။

ကျုံပျော်တွင် ဆောင်းရာသီနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ

တောင်သူများ၏ အကျိုးစီးပွားပိုမို ဖြစ်ထွန်းရန်နှင့် ပြည်သူများအတွက် ကျန်းမာရေးကောင်းမွန်သည့် စားသုံးဆီဖူလုံစွာ ရရှိစေရန်အတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူ ပညာပေး ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခြေခံစား‌ကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့အဝင်လမ်းဆုံနေရာတွင် ယနေ့နံနက်က ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်ရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးအတွက် အောင်မြေကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ် မြေသားလမ်း ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၌ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် မိုင်းခုတ်-ဘိုရှီး-မိုင်းဖြတ် မြေသားလမ်းပြုပြင်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to