ဘူးသီးတောင် နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ယာဉ်ထိန်းတပ်ကြပ်ကြီး ဦးသန်းရွှေ ဦးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့မစည်ပင်သာယာစျေးရှေ့၊ ဘူးသီးတောင် - မောင်တောသွားရာ မြို့ဝင်ဂိတ်နှင့် အနောက်ဂွင်းစျေးတို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် ယာဉ်ထိန်းတပ်ကြပ်ကြီး ဦးသန်းရွှေမှ ယာဉ်မောင်းသူများအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန်၊ ဆိုင်ကယ်မောင်းနှင်သူများကလည်း ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး မောင်းနင်းကြရန်နှင့် ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်ပိုမစီးကြရန်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
လှကျော်