မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများအဖွဲ့မှ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာများအား တိုက်နယ်အလိုက် တာဝန်ပေးထားပြီးဖြစ်ရာ သက်ဆိုင်ရာတိုက်နယ်အလိုက် ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့နံနက် ၉ နာရီကဆောင်းနေကြာစိုက်ပျိုးနိုင်ရေး ရေတွင်းမြောင် မလွန်စမ်း၊ ကညင်းကြီး၊ စီးကျေးရွာများသို့သွားရောက်၍  ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေးဌာနဆိုင်များအား တိုက်နယ်အလိုက် တာဝန်‌ပေးထားသည့်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးရာတွင် လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုး‌နိုင်ရေး ဒေသခံတောင်သူများအားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ရေတွင်းမြောင်၊ မလွန်စမ်း၊ ကညင်းကြီးနှင့် စီးကျေးရွာနေဒေသခံတောင်သူများက ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးမည့် အစီအမံများအား‌ ဆွေးနွေးခဲ့သည်။ မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ ဆီထွက်သီးနှံဆောင်း နေကြာ ၆၀၀၂ ဧကစိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)