စမ်းချောင်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၁)နှစ်အထိ ကျောင်းနေနှင့်ကျောင်းနေပြင်ပ ​ကလေး(၁၁၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​​​

စမ်းချောင်း ​နိုဝင်ဘာ

ရန်ကုန်တိုင်း​ဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင်  ကို​ဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို ဉ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့နံနက်()နာရီက​ကျောင်းနေနှင့် ကျောင်းနေပြင်ပ ကလေး(၁၁၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ထိုး​နှံ​​ပေးခြင်းကို မုန့်လုပ်ဆောင်း ကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး Center တွင်​ ထိုးနှံပေးခြင်းများ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းနေနှင့်ကျောင်းနေပြင်ပ​ ကလေးများအား ​ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း