တန်ဆောင်တိုင်အကြို သင်္ကန်းဆိုင်များ ပိုမိုရောင်းအားကောင်း

တန်ဆောင်တိုင်မရောက်မီ အကြိုကာလတွင် သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ်များ ပိုမိုရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မိဘပြည်သူသို့ အသိပေးထုတ်ပြန်ချက် (Talk Show)ဆောင်ရွက်

မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ-၆၆/၆ (အထစ)နှင့် ပတ်သက်၍ အခက်အခဲများကို သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွား ရောက် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာချက်အပေါ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် (Talk Show) အား ယမန်နေ့ညနေ (၁၅)နာရီခွဲ အချိန်က မြို့နယ်ဦးစီးမှူးရုံး တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ ဗုဒ္ဓမြတ်စွယ်တော်နှင့်ဓာတ်တော်များအား ဗုဒ္ဓဘိသေက အနေကဇာတင်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဗုဒ္ဓမြတ်စွယ်တော်နှင့် ဓာတ်တော်များအား ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ဇီးကုန်းလေးရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရာကြီး သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံကျောင်းတိုက်၌ ဌာနဆိုင်ရာစု‌ပေါင်း မဟာဘုံကထိန်နှင့်ကံထပ်အလှူတော်မင်္ဂလာကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်နှင့်ကံထပ် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မိုင်းငေါ့မြို့ အမှတ်(၃) တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော မကွေးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားဘောလုံးအသင်းအား သောင်းသောင်းဖျဖျ ကြိုဆို

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်း ကျင်းပသော ၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီပရဝုဏ်အတွင်းရှိ ပြည်သူ့ဥယျာဉ်တော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ကာလိမြို့၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး န်ကြီးဌာနတို့ ပူးပေါင်းပြီး မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်(Talk Show)ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လူထူအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မိဘပြည်သူသို့အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာစိုက်ထူခြင်းများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အများပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to