ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်များနှင့် တက္ကစီယာဉ်များအနေဖြင့် YBS မှတ်တိုင်များ၌ နှစ်ထပ်ရပ်တန့်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ စစ်ဆေးရေးအဖွဲ့များနှင့် YBS ယာဉ်လိုင်းကုမ္ပဏီများပူးပေါင်း၍ ရန်ကုန်မြို့ရှိ ယာဉ်ကြောမကြာခဏ ပိတ်ဆို့တတ်သည့် မှတ်တိုင်(၁၆)ခုတွင် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။