ပုဇွန်တောင်မြို့နယ်တွင် အနှေးယာဉ်များ ယဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ရောင်ပြန်ပြားများ အခမဲ့တပ်ဆင်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။