ကျိုက်မရော နိုဝင်ဘာ ၅
ကျိုက်မရောမြို့နယ် နတ်စမ်းစံပြကျေးရွာတွင် မိသားစုနေစဉ်ဝင်ငွေရရှိစေမည့် စားဖိုဆောင်စားသုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်ဟင်းခါးသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် အထွက်နုန်းကောင်း၍ စျေးနှုန်းလည်းကောင်းသဖြင့် မိသားစုနေ့စဉ်ဝင်ငွေရှိနေကြောင်း သိရသည်။
ကြက်ဟင်းခါးသီးတစ်ဧကကို စိုက်ပျိူးနည်းစနစ်မှန်ကန်စွာစိုက်ပျိုးထားနိုင်လျှင် မိသားစုများ ပုံမှန်ဝင်ငွေရပြီး စိုက်လည်းစိုက်စားလည်းစားရသဖြင့် အိမ်ဟင်းလျာဖိုးလည်းသက်သာ ကြောင်း၊ ကြက်ဟင်းခါးသီးကို မျိုးစေ့ချပြီး အိတ်ငယ်လေးများဖြင့်ပျိုးထောင်စိုက်ပျိုးရပြီး အပင်ပေါက်လေးများကြီးထွားလာချိန်၌ အိပ်ကိုခွဲ၍ အတန်းလိုက်ချစိုက်ပျိုးပြီး ၄၅ ရက်ကြာလျှင် စတင်ခူး၍ရရှိပြီး စျေးများတွင် တစ်လုံးလျှင် ၅၀ဝ ကျပ်မှ ၆၀၀ ကျပ်အထိ စျေးရပြီးတစ်ကြိမ်ခူးလျှင် ၃ သိန်းမှ ၄ သိန်းထိရကြောင်း စိုက်ပျိုးသည့်ကုန်ကျစရိတ်ကတော့ ဧကအနည်းအများ၊ စင်ပေးရသည့်အကျယ်အဝန်းပေါ်မူတည်၍ ကွဲပြားကြောင်း နတ်စမ်းကျေးရွာက ရေခံမြေခံကောင်းပြီး အထွက်နှုန်းအားလည်းကောင်းသဖြင့် မိသားစုများ ပုံမှန်ဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း နတ်စမ်းကျေးရွာမှ ကြက်ဟင်းခါးသီး စိုက်ပျိုးရောင်းချသူ ဒေါ်စမ်းစမ်းမော်၏ ပြောပြချက်အရသိရှိရသည်။
ချိုမြတ်မြတ်ထွေး