လှိုင်းဘွဲ နိုဝင်ဘာလ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူးနှင့်တပ်ရင်း၊ တပ်ဖွဲ့ဝင်များ ဦးဆောင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကျိုက်မုရော ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ ငါးပါးသီလခံယူခြင်း၊ တရားတော်များ နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဘုန်းတော်ကြီးကျောင်းများမှ ပင့်ဖိတ်ဆရာတော်/ သံဃာတော်များအား ကထိန်သင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းဝတ္ထုအစုစုတို့အတွက် ရေစက်ချသွန်းချ အမျှဝေပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
စောဒိ (ပြန်/ဆက်)