နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဝေဇယန္တာကျောင်းတိုက်၌ နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ ခွဲနာရီအချိန်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နိုင်ငံတာ်သံဃမဟာနယကအဖွဲ့ဝင် ဆရာတော်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ ဇေယျာသီရိခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့်ဇနီး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင် ဆရာတော်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်ကြီးထံမှ ဇေယျာသီရိခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့်ဇနီးတို့က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင် ဆရာတော်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်ကြီးနှင့်တကွ ဆရာတော် သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ ဆရာတော်မှပြန်လည်ချီးမြှင့်တော်မူသော ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 

အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား ဇေယျာသီရိခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့်ဇနီး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင်(၇)ခု စုစုပေါင်းတန်ဖိုးငွေကျပ်(၃၂၆၅၁၀၀)ဖြစ်ကြောင်း သိရသည်။

သားငယ်