မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင်   ရာထူးတံဆိပ်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ် တပ်ဆင်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့သည်။

ကန့်ဘလူမြို့တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ငယ်ရွယ်စဉ်မှစ၍ အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးရန်၊ အတွေးအခေါ်ထက်မြက်ဖို့၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့၊ ပြဿနာများကို နည်းမှန်လမ်းမှန်ဖြေရှင်းနိုင်ဖို့၊ အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေဖို့အတွက် ရည်ရွယ်ကာ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုကိုယ်ပိုင်အထက်တန်းသင်ကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆုကိုယ်ပိုင် အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေနှာခေါင်းစည်း တပ်ဆင်ကြရေး Mask Campin လုပ်ငန်းများ ဆောင်ရွက်

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် Mask Campain လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ပြင်ဦးလွင်မြို့တွင် လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။

လဟယ်မြို့တွင် နှစ်ရှည်သီနှံစိုက်ခင်းများ ဆောင်ရွက်ရန် ပျိုးခြံတည်ထောင်ခြင်း လက်တွေ့ ကွင်းသရုပ်ပြပွဲဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နှစ်ရှည်သီးနှံစိုက်ပျိုးတောင်သူများအား လိုအပ်သော ပျိုးပင်များရရှိနိုင်ရန် ပျိုးခြံတည်ထောင်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့က တောင်သူ ဒေါ်အလင်းသေး စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေး တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာခရိုင် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့အား လင်းခေးခရိုင် အသင်းအဖွဲ့ဥက္ကဋ္ဌမှ တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့အား လင်းခေးခရိုင်အသင်းအဖွဲ့ဥက္ကဋ္ဌမှ တွေ့ဆုံပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ပန်ခန်းမ၌ ယမန်နေ့ နေ့လည်(၁၂)နာရီအချိန်က တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ များနှင့် မုဒိတာစာဖတ်ဝိုင်းကျင်းပ

စာအုပ်၊ စာပေကို ချစ်မြတ်နိုးသူများ စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club    မုဒိတာ  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်တွင် GAqP ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူထုတ်လုပ် လျက်ရှိသည့် ကကတစ်ငါး၊ ရေငန်ပုစွန်နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများအား တရုတ်နိုင်ငံစီးပွားရေးသံမှူးနှင့်အဖွဲ့ သွားရောက်လေ့လာ

မြန်မာနိုင်ငံရေထွက်ပစ္စည်းများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ရေလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြိတ်ခရိုင်တွင် GAqP ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များနှင့်အညီ မွေးမြူထုတ်လုပ်လျက်ရှိသည့် ကကတစ်ငါး၊ ရေငန်ပုစွန်နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများအား တရုတ်နိုင်ငံစီးပွားရေးသံမှူးနှင့် အဖွဲ့မှ ယမန်နေ့ မွေးမြူရေးလုပ်ငန်းများသို့ သွား‌ရောက်လေ့လာခဲ့ကြသည်။
Subscribe to