မာန်အောင်မြို့နယ်တွင် မြို့နယ်အဆင့်( ၀.၁၀ )ဧကအရွယ် မိုးစပါးစံကွက်ရိတ်သိမ်းကျင်းပ

မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာအုပ်စု၊ ခအုန်းမော်ရွာသစ်ကျေးရွာ၌ တောင်သူ ဦးမောင်သိန်း၏ လယ်မြေတွင် ဆင်းသွယ်လတ်မျိုးစပါးအား (Rs to Cs) မျိုးစေ့ထုတ်နည်းပညာများအတိုင်း စိုက်ပျိုး ဆောင်ရွက်ထားသည့် မိုးစပါးစိုက်ခင်းတွင် မြို့နယ်အဆင့်မိုးစပါး (၀.၁၀) အရွယ်ကို ရိတ်သိမ်းခြွေလှည့်စက်ဖြင့် စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့က ကျင်းပခဲ့သည်။

သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာကို ပုဂံဒေသနှင့် တဆက်တစပ်တည်း သွားရောက်လေ့လာနိုင်မည့် ရှစ်ခုမြောက်ခရီးစဉ် ဖော်ဆောင်ရန် ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာမှ မြောက်ဘက် ၁မိုင် ၅ ဖာလုံခန့်အကွာ၊ ပုပ္ပားဂေါက်ကွင်းမှ အနောက်ဘက် ၁ မိုင် ၁ဖာလုံခန့်အကွာတွင် ပုပ္ပားအုပ်စု၊ သံဖိုချောင်းဖျားကျေးရွာနှင့် သံဖိုအုပ်စု၊ သံဘိုအလယ်ရွာ၊ သံဘိုရွာသစ်တို့တွင် နှစ်သက်တမ်းများစွာကတည်ရှိခဲ့သည့် ကြီးမားသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း တည်ရှိရာ သံဖိုကျေးရွာအား ပုဂံခရီးစဉ်ဒေသနှင့် တဆက်တစပ်တည်း သွားရောက်လေ့လာနိုင်သည့် ရှစ်ခုမြောက်ခရီးစဉ်ဒေသအဖြစ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဖော်ဆောင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအား ဂျပန်နိုင်ငံမှလှူဒါန်းသောဆန်ကို ASEAN+3 နိုင်ငံများ၏အစီအစဉ်ဖြင့်လှူဒါန်း

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအား ဆန်ထောက်ပံ့လှူဒါန်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ပြိုင်ပွဲဝင်များနှင့် မိသားစုများ မူးယစ်​ဆေးဝါးပ​ပျောက်​ရေး အထိမ်းအမှတ်ပြတိုက်သို့ သွား​ရောက်​လေ့လာ

(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကျင်းပ​ပေးလျက်ရှိရာ အနုပညာရှင်တက်သစ်စလူငယ်များ လမ်းမှားမ​ရောက်​စေရန်ရည်ရွယ်၍ ယ​မန်နေ့ နံနက် ၁၀ နာရီက ပြိုင်ပွဲဝင်များနှင့် မိသားစုများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းနှင့် ကျွန်း​တောလမ်းတောင့်ရှိ မူးယစ်​ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သို့ သွား​ရောက်​လေ့လာခဲ့​ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကန်စော့သီးပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများ မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ကန်စော့သီးပင်စိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်အတွင်း ဆွတ်ခူးရောင်းချနေရသဖြင့် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။

မိုင်းဖြတ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်းကားစွာကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်းကားစွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံးခန်း၌ ​ပြုလုပ်ခဲ့​ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍  ယနေ့နံနက် ၉ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။

သံတောင်ကြီးမြို့နယ် ကလေခိုအထက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မှု (၄၅)ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေသည့် ကလေခိုအထက်ကျေးရွာသို့ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်းကာ လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် နံနက်စောစောထလမ်းလျောက်သူများ၊ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သူများဖြင့် အထူးစည်ကား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် ယနေ့နံနက်အရုဏ်တက် ၅ နာရီ ကျော်အချိန်ခန့်မှစ၍ စောစောထလမ်းလျောက်ကြသူများ၊ အပြေးလေ့ကျင့်သူများ၊ စက်ဘီးစီးသူများနှင့် ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိ သည်။
Subscribe to