လယ်ဝေးမြို့နယ်၊ ကန်သာ(အ.ထ.က)၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉) နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ကျောင်းကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။