မိတ္ထီလာ နိုဝင်ဘာ ၁၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ် တပ်ဆင်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးနှင့် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းတို့က ညွှန်ကြားရေးမှူး ရာထူးတိုးမြင့်ရရှိသွားသည့် ဦးလှမိုးအား ညွှန်ကြားရေးမှူးရာထူး အမှတ်တံဆိပ်တပ်ဆင်ပေးအပ်ခဲ့ရာ ညွှန်ကြားရေးမှူး(စီမံ)ဦးလှမိုးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ ရာထူးတံဆိပ်တပ်ဆင်ခြင်းအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)