ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၏ မိုးစပါးအထွက်နှုန်းအား သိရှိနိုင်ရန် ရည်ရွယ်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ချောင်းဖျားကျေးရွာ၊ တောင်သူ ဒေါ်ခင်ဥ၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံရှိ လယ်မြေတွင် ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ တီဘီရောဂါသံသယလူနာများ ရှာဖွေခြင်းနှင့် ကုသခြင်းကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် မိုးနဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါသံသယ လူနာကွင်းဆင်းရှာဖွေခြင်း ကုသ‌ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ မိုးနဲမြို့ပြည်သူ့‌ဆေးရုံ ကုသဆောင်ဟောင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် RS-CS မိုးစပါးမျိုးသန့်ထုတ် ဧရာမင်း (၅)ဧက စံပြကွက် စတင်ရိတ်သိမ်း     

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မကွင်းရှိ  တောင်သူဦးသံချောင်းစိုက်ပျိုးထားသော RS-CS မိုးစပါးမျိုးသန့်ထုတ် ဧရာမင်း (၅)ဧက စံပြကွက်ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ 

တောင်သူ(၄၄၃)ဦးတို့အတွက် ကုန်ထုတ်လုပ်မှုလွယ်ကူမြန်ဆန်စေမည့် ကျောက်ပန်းတောင်းမြို့နယ် ညောင်ပင်သာ-ထန်းတောဦး ကျေးလက်ကုန်ထုတ်လမ်းနှင့် Slab Culvert (၂)စင်း တည်ဆောက်မှုလုပ်ငန်းပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တောင်သူ (၄၄၃)ဦးတို့အတွက် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေ မြန်ဆန်လွယ်ကူစေမည့် ကျေးလက်ကုန်ထုတ်လမ်းတစ်ခုဖြစ်သည့်၊ ညောင်ပင်သာ ကျေးရွာတွင် အရှည် ၁ မိုင်၊ ၃.၃၆၄ ဖာလုံ နှင့် Slab Culvert (၂)စင်းပါဝင်သည့်၊ မြေသားလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးနေပြီဖြစ်၍ တောင်သူများ ကုန်ထုတ်ထုပ်ငန်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့အတွက် များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်တွင် ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေကြသော ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ စသည့်ယာဉ်လုပ်သားကြီးများအနေဖြင့် ယာဉ်မတော်မဆမှုဖြစ်ပွားခြင်းမှ ကင်းဝေးပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းဆုံနေရာ (တာမွေလမ်းဆုံ ဘတ်စ်ကားမှတ်တိုင်အနီး)၌ မြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သာပေါင်းမြို့နယ် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ငါးဘတ်ချောင်း၊ ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာနှင့် ရှမ္မ‌မြောင်ကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာတို့တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ကျေးရွာအရောက် ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြသည်။

မိုင်းဆတ်မြို့၌ “(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်မြို့တွင် စားသုံးသူအခွင့်အရေး ဦးစားပေးအသိပညာပေး Talk Show ဆောင်ရွက်

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စားသုံးသူ အခွင့်အရေးဦးစားပေး အသိပညာပေး ''Talk Show ဆွေးနွေးမှုကို ယမန်နေ့နံနက် (၁၁း၀၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းဆတ်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များ မမေ့အပ်စေရန် “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကျေးရွာ (၁၀) ရွာ စီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လည်ပိုင်းက ကျောင်းကုန်းကျေးရွာအုပ်စု၊ မွဲတောကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Subscribe to