လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာလ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက အမျိုးသားအောင်ပွဲအကြောင်း သိကောင်းစရာများကို Talk Show အစီအစဉ်ပြုလုပ်၍ အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်နှင့်စာရေးဆရာ အယ်ဒီတာဦးသူရဇော် (ဥတတ္ထစရိယ)တို့က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြ ကြောင်းလည်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် Talk Show အစီအစဉ်များ ဆောင်ရွက်ကာ Online မှတဆင့် အသိပညာပေး ထုတ်လွှင့်တင်ဆက်ပေးခြင်း၊ အများပြည်သူများနှင့် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း ပြည်သူများအား သုတ၊ ရသစာအုပ်မျိုးစုံကို ငှားရမ်းကာ ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်းလည်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)