နွားထိုးကြီးမြို့တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်များ ခင်းကျင်ပြသ

နွားထိုးကြီး နိုဝင်ဘာ ၁၄

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Centre ခန်းမ၌ သင်တန်းများ၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်လွင်ဦးက စာအုပ်များ ဖတ်ရှုလိုပါက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်းနှင့် မိမိတို့  အတန်းအားလပ်သည့် အချိန်တွင်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်၍ စာအုပ်စာစောင်များ ဖတ်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပြသထားသော စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်