မြောက်ဦး နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့် မိုးစပါးရိတ်သိမ်းရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာ၊ ရန်မတွေ့အနောက်ကွင်း၌ ယနေ့ မိုးစပါးစံကွက် ရိပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးစိုးလွင်ဖြိုး နှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးထွန်းထွန်းမြင့် နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောတောင်သူများ တက်ရောက် ကြပြီး မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို တင်းထိန်ကန်ကျေးရွာ၊ ကွင်းအမှတ် ၈၅၉ (က)၊ ရန်မတွေ့ အနောက်ကွင်း၊ ဦးပိုင်အမှတ် (၁၂)၊ တောင်သူဦးမောင်သိန်းလှ၏ စိုက်ပျိုးထားသော ပေါ်ဆန်းရင် (RS) အထွက်ကောင်းမျိုးအား (၁) ဧက၏ ကိုယ်စားပြုစံကွက်ငယ် (၃) ကွက်ကို ရိတ်သိမ်းခဲ့ရာ ပေါ်ဆန်းရင် (RS) အစိုထွက်နှုန်း (၆၉.၃၃) တင်း၊ အခြောက်ထွက်နှုန်း (၆၂.၃၉) တင်းထွက်ရှိ ကြောင်း သိရသည်။
ဆက်လက်၍ တောင်သူ ဦးမောင်သိန်းလှ၏ ပြောကြားချက်အရ ဒီနှစ်အထွက်နှုန်း ယခင်နှစ်ထက် ပိုတိုးလာခြင်းသည် စိုက်ပျိုးရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးစိုးလွင်ဖြိုး၏ ကြီးကြပ်ကွပ်ကဲမှုနှင့် စိုက်ပျိုးနည်းများကို လက်တွေ့ကျကျကွင်းဆင်းပြသမှု၏ အကျိုးကျေးဇူးများကြောင့် အထွက်နှုန်းတိုးလာရခြင်းဖြစ်ကြောင်း သိရသည်။
မြင်စိုး (ပြန်/ဆက်)