ပိုင်ကျုံ နိုဝင်ဘာ ၁၄
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ တန် ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက် မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်း စကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည် စာရင်း၊ အမျိုးသားရေးဆောင်ပုဒ်များ၊ ကဗျာ၊ ကာတွန်း စသည့် အမျိုးသားရေးနှင့် ပတ်သက်၍ ရေးသားဖော်ပြထားကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းများကို ကျောင်းသားလူငယ်များ အနေဖြင့် အသိပညာဗဟုသုတ ပိုမိုရှိစေရန်ရည်ရွယ်၍ အထကပိုင်ကျုံ၊ အထက(ခွဲ)အထက်ပိုင်ကျုံ၊ အ.မ.ကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)