သံဖြူဇရပ် နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို (CommunityCenter) ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားပြီး ဟောပြောပွဲကိုပြုလုပ်ရာ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ ယဉ်စည်းကမ်းလမ်းစည်းကမ်း အကြောင်းအရာများ၊ လူကုန်ကူးမှု အန္တရယ်ဆိုင်ရာ အကြောင်းအရာများကို ပြောကြားသည်။
ဆက်လက်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပရာ မြို့နယ် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၅)ဦးတို့က “မျိုးချစ်စိတ်အရင်းခံ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲကို “အမျိုးသားနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား\ ကျောင်းသူ (၂၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ပြီး၊ ပြသထားသော ယဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး နံရံကပ် စာစောင်များနှင့် ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်များကို ကျောင်းသူ/သား များမှ လေ့လာကြည့်ရှုပြီး၊ ပြိုင်ပွဲဝင် ဆုရကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိနှင့်ဆရာမများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)