ရန်ကုန် နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၇) နာရီအချိန်က အ.ထ.က(၁)အင်းစိန် ဧရာဝတီခန်းမတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်က (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အင်းစိန်မြို့နယ်အဆင့်အထက်တန်း၊ အလယ်တန်း စာစီ စာကုံးပြိုင်ပွဲတွင် ဆုများအသီးသီးရရှိခဲ့ကြသော ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများက ပြည်မြန်မာသီချင်းနှင့် ဇာတိမာန်သီချင်းတို့ဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေခဲ့ကြပြီး ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ကျောင်းသူများကို အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်က ဂုဏ်ပြုဆုငွေ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို( ပြန်/ ဆက်)