မရမ်းကုန်း နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေအနီအသင်းတို့ပူးပေါင်း၍ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ရှေးဦးသူနာပြု အခြေခံသင်တန်း အမှတ်စဉ်(၂/၃) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုနည်းအခြေခံသဘော တရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း မူးဝေသတိလစ်ခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးခြင်းအဆစ်လွဲခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်နည်းများ အစရှိသည့်အကြောင်းအရာများ ကို တာဝန်ရှိသူများကသင်ကြားပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)