သာပေါင်း နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးမြင့်မြတ်ဇော်တို့မှ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး လုံခြုံရေးအထူးဂရုစိုက်ဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းရာတွင် ကျေးရွာအုပ်စုများမှ တင်ပြချက်များအပေါ် အထက်ဌာနအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ပေးရန်၊ မြေပြင်လူဦးရေ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ကွင်းဆင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ CCTV မတပ်ဆင်ရသေးသည့်ဌာနများ တပ်ဆင်နိုင်ရေး အထက်ဌာနအဆင့်သို့တင်ပြဆောင်ရွက်ရန်၊ ဌာနများသို့ လုပ်ငန်းလိုင်စင် သက်တမ်းတိုး/အသစ်လျှာက်ထားလာမှုများရှိပါက လျှပ်စစ်မီတာခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်ရယူပါရှိမှသာ ဆောင်ရွက်ပေးရန်၊ KTV(၂) ဆိုင် စည်ပင်သာယာရေးအခွန်ပေးသွင်းစေရေးဆောင်ရွက်ရန်၊ ဆောင်းနေကြာစိုက်ပျိုးရေးအတွက် ကွင်းဆင်းဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အဖွဲ့များကွင်းဆင်းဆောင်ရွက်ပေးရန်၊ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများစိုက်ပျိုးစရိတ် ချေးငွေထုတ်ယူရရှိရေး စိုက်ပျိုးရေး/ လယ်စီအင်း/ စိုက်ဘဏ်တို့မှပူးပေါင်းဆောင်ရွက်၍ အမြန်ဆုံးထုတ်ပေးရေးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ဆောင်ရွက်ရန်၊ လုံခြုံရေးနှင့် သတင်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ လိုက်နာဆောင်ရွက်ပြီးဆောင်ရွက်ပြီးစီးမှု တင်ပြရန်၊ ထူးခြားဖြစ်စဉ်များအချိန်နှင့် တစ်ပြေးညီတင်ပြရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အရှိန်မြှင့်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း(သာပေါင်း)