ဟိုင်းကြီးကျွန်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဗလမင်းထင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဗလမင်းထင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၀၈း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့၌ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘော့မြို့တွင် ၁၀၂နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ဈေးကွက်ဝင်ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ ငှက်ပျောစသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း ယခုအခါတောင်သူများအနေဖြင့် ယာမြေများတွင် ဈေးကွက်ဝင်ငှက်ပျောသီးနှံများပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် တင်း (၁၁၅.၆၆) ထွက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာ ရင်းအင်းဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးစပါး ဧက(၁၀၀)တင်း(၁၀၀) အထွက်နှုန်းရရှိရေး စံပြကွက်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကိုမြောက်ဦးမြို့နယ် ၊ ပီပင်ရင်းအုပ်စု၊ လောင်းကြက် ကျေးရွာ၊ လောင်းကြက် ကွင်း၌ ယနေ့ကမိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲ ကန်ပိုက်တီမြို့၌ ကျင်းပ

(၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း မေခခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေတက္ကသိုလ်၌ကျင်းပသည့် ပထမအကြိမ်ဒေသဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲတက်ရောက်

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ်ဒေသဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ စာတမ်းဖတ်ကြားကြမည့် ပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဆီဆိုင်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ဇေယျာသီရိမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် (၁၀၂)နှစ်မြောက် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to