(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲ ကန်ပိုက်တီမြို့၌ ကျင်းပ

ကန်ပိုက်တီ နိုဝင်ဘာ ၁၈

(၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း မေခခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကန်ပိုက်တီမြို့ခြေမြန်တပ်ရင်း (၃၈၁) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်လင်းအောင် က အဖွင့်အမှာစကား ပြောကြားပြီး (၁၀၂) နှစ်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ "မျိုးချစ်စိတ်အစ အမျိုးသားနေ့က" ခေါင်းစဉ်ဖြင့် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်သည်။

ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်ခင်းကျင်းပြသထားသော မှတ်တမ်းဓါတ်ပုံများနှင့် ဆုရစာစီစာကုံးများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ကန်ပိုက်တီ(ပြန်/ဆက်)