မြောက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် တင်း (၁၁၅.၆၆) ထွက်ရှိ

မြောက်ဦး  နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးစပါး ဧက(၁၀၀)တင်း(၁၀၀) အထွက်နှုန်းရရှိရေး စံပြကွက်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကိုမြောက်ဦးမြို့နယ် ၊ ပီပင်ရင်းအုပ်စု၊ လောင်းကြက် ကျေးရွာ၊ လောင်းကြက် ကွင်း၌ ယနေ့ကမိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးစိုးလွင်ဖြိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမောင်အေးလှိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူးဦးထွန်းထွန်းမြင့်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော တောင်သူများတက်ရောက်ကြပြီးမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ပီပင်ရင်း အုပ်စု၊ လောင်းကြက်ကျေးရွာ၊ ကွင်းအမှတ် ၉၅၂ (က)၊ လောင်းကြက်ကွင်း၊ ဦးပိုင်အမှတ် ၁၁၄/၅၊ တောင်သူ ဒေါ်မသန်းနု၏ စိုက်ပျိုးထားသော ဆင်းသွယ်လတ် အထွက်ကောင်းမျိုးအား (၁) ဧက၏ ကိုယ်စားပြုစံကွက်ငယ် (၃) ကွက်ကိုရိတ်သိမ်းခဲ့ရာ ဆင်းသွယ်လတ် အစိုထွက်နှုန်း (၁၁၅.၆၆) တင်း၊ အခြောက်ထွက်နှုန်း (၁၀၄.၁၀) တင်းထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တောင်သူ ဒေါ်မသန်းနု၏ ပြောကြားချက်အရဒီနှစ်အထွက်နှုန်းအယင်နှစ်ထက် ပိုတိုးလာခြင်းသည် စိုက်ပျိုးရေးဦးစီးဌာနခေတ္တခရိုင်ဦးစီးမှူးဦးစိုးလွင်ဖြိုး၏ ကြီးကြပ်ကွပ်ကဲမှုနှင့် စိုက်ပျိုးနည်းများကိုလက်တွေ့ကျကျကွင်းဆင်းပြသမှု၏ အကျိုးကျေးဇူးများကြောင့် အထွက်နှုန်း တိုးလာရခြင်းဖြစ်ကြောင်းသိရသည်။

မြင့်စိုး(ပြန်/ဆက်)