မချမ်းဘော့ နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘော့မြို့တွင် ၁၀၂နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော ၁၀၂နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ ၁၀၂နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးမြင့်နိုင်ဦး၊ မြို့နယ်ပညာရေးမှူးဒေါ်ဥမ္မာဆွေ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဦးကြည်မိုးတို့ကဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ယောရွှေနီ(မချမ်းဘော့)