ကျောက်ဆည်မြို့နယ်တွင် ဈေးကွက်ဝင်ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ

ကျောက်ဆည် နိုဝင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ ငှက်ပျောစသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း ယခုအခါတောင်သူများအနေဖြင့် ယာမြေများတွင် ဈေးကွက်ဝင်ငှက်ပျောသီးနှံများပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

ငှက်ပျောသီးနှံစိုက်ပျိုးခြင်းသည် အလုပ်သမားရှားပါးခြင်းနှင့် သွင်းအားစုမြင့်မားခြင်းများ မရှိသောကြောင့် တောင်သူများပိုမိုစိုက်ပျိုးလာကြောင်း၊ ငှက်ပျောစိုက်တောင်သူများထံမှသိရှိရပြီး ငှက်ပျောစိုက်ရာတွင် တစ်ပင်ချင်းစိုက်(တစ်ပင်တန်း)နှင့် နှစ်ပင်တွဲစိုက်(စွယ်စုံ)စိုက်ပျိုးခြင်းဟူ၍အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ တစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း ()ပေအကွာ စိုက်ပျိုးကြပြီး၊ နှစ်ပင်တန်း(စွယ်စုံ)စိုက်ပျိုးမည်ဆိုပါက အတန်းကြား (၁၀)ပေခန့်အကွာ စိုက်ပျိုးကြကြောင်းနှင့်ငှက်ပျောသီးနှံသည် စိုက်ပျိုးပြီး()လအကြာတွင် အဖူးများထွက်ရှိပြီး (၁၂)အကြာတွင် စတင်ခုတ်ရောင်းရကြောင်း၊ နှစ်ပင်တန်း(စွယ်စုံ)ငှက်ပျောတစ်ဧကစိုက်ပျိုးမည် ဆိုပါက အပင်ရေ(၈၀၀)ခန့် ဝင်ဆန့်ကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ မျိုးဖိုး (ငှက်ပျောစို့အပင်ငယ်)နှင့် စိုက်စရိတ် အပါအဝင်ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ အသီးများရောင်းချပြီး ပင်စည်ခုတ်လှဲရှင်းလင်းခြင်းများ အပါအဝင် စုစုပေါင်းငွေကျပ်()သိန်းကျော် ()သိန်း နီးပါးကုန်ကျကြောင်း၊ ရောင်းချရမှုအနေဖြင့် ငှက်ပျောခိုင်တစ်ခိုင်လျှင် ငှက်ပျော်အဖီး()ဖီးသတ်မှတ် ကာ ငှက်ပျောအခိုင်(၄၀)ပါ နွားလှည်းတစ်စီးအား ငွေကျပ် ()သိန်းရှစ်သောင်းဈေးဖြင့် ရောင်းချရကြောင်း၊ ငှက်ပျောတစ်ဧကစိုက်ပျိုးထားပါက ပျမ်းမျှလှည်းအစီးရေ (၁၃)စီးမှ(၁၄)စီး ရောင်းချရ ကြောင်း၊ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာမှ တောင်သူဦးမျိုးထွန်းက ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် ငပျောသီးနှံများကို တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ကြက်မင်း တွန်၊ ဖောင်ရွာ ပတ္တာ၊ ပင်တလည်၊ ပြည်ပန်း၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင် ကျေးရွာများတွင် (၁၄၁၇)ဧက၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းကြော၊ ကြက်သားဟင်း၊ ကျေးရွာများတွင် (၂၂၇)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ့ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)