ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ မဖြစ်စေရေးအတွက် Mask Campaign ဆက်လက်ဆောင်ရွက်

ပိုင်ကျုံ  နိုဝင်ဘာဘာ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့် နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင် သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက် ခြင်းလုပ်ငန်းကို ယနေ့နံနက်()နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ လူစည်ကားသည့် နေရာများ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက်  Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Maskများ အခမဲ့ ဝေငှပေးခဲ့ပြီး အများပြည်သူများ သိသင့်သိထိုက်သော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန် အချက်များအား အသိပညာပေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ပိုက်ကျုံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦး‌ဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများတို့က ပူးပေါင်း၍ Mask များ အခမဲ့ ဝေငှခြင်း လုပ်ငန်းကို အပတ်စဉ် တနင်္လာနေ့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)