ရွှေတောင်မြို့နယ်တွင် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း စာရင်းကောက်ယူခြင်း  လုပ်ငန်းများဆောင်ရွက်

ရွှေတောင် နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်  အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်‌ဆေးခြင်း၊ စာရင်းကောက်ခြင်းလုပ်ငန်းအဖွဲ့သည်  ဒုရင်ဒုဘိုအုပ်စု၊  ရွှေပန်းတောကျေးရွာတွင် ယနေ့နံနက်ပိုင်းကစတင်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စာရေးနှင့်ရုံးအဖွဲ့ဝင်များကမြေပြင် လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းစာရင်းကောက် လုပ်ငန်းများကို တစ်အိမ်ခြင်းလိုက်လံ ကောက်ယူခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း(ပြန်/ဆက်)