ကြို့ပင်ကောက် နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက လေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ကော်မတီမှမြို့နယ်အတွင်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးဦးစီးမှုး ဒေါ်မို့မို့အေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ဆောင်ချက်များ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အသေးစိတ်ရှင်းလင်းပြောကြားပြီး ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်းဆုံးဖြတ်ချက်ချအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် ကလေးသူငယ်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သော ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းတစ်ကျောင်း ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းလေးကျောင်း၊ မိခင်ဝိုင်းလေးဝိုင်းနှင့် ဘိုးဘွားရိပ်သာတစ်ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း