ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်(Talk Show)ဆွေးနွေးပွဲပြုလုပ်

ပခုက္ကူ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၃ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး‌ ဦးဇော်ဌေးအောင်က (Talk Show)ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြားပြီး မသန်စွမ်းသူများအကြောင်းနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးသန္တာစုက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ဖြစ်ပေါ်လာပုံ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေများ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒါဏ်များ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မြန်မာ နိုင်ငံတွင် မသန်စွမ်းသူများအတွက် ပြုစုစောင့်ရှောက်ပေးနေမှုများ၊ မသန်စွမ်းသူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)