ရွှေကျင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ရွှေကျင် ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show  ဆွေးနွေးပွဲကို  ယနေ့ နံနက် ၁၀  နာရီ အချိန်က ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး‌ ဒေါ်သဲစုအောင်က အသိပညာပေး Talk Show ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ရွှေကျင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်တည်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပေါ်ရသည့် အကြောင်းအရာများ၊ အကြမ်းဖက်မှု အမျိုးအစားများ၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများအကြောင်း၊ အကြမ်းဖက်ခံရသူများ ခံစားရနိုင်သော ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များအကြောင်း၊ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင် ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန ရွှေကျင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)