ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန(Community Center)ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပုံပါကျင် ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများရရှိရန်ရည်ရွယ်၍ စာရေးဆရာ‌‌ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "အလုပ်ဆိုတာအင်အားပါ'' စာအုပ်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ (၂)နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ(Book Club)ဥက္ကဋ္ဌ ဦးထွန်းလင်းက "အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ" ဦးစွာဖတ်ကြား‌ဆွေးနွေးခဲ့ပြီး (Book Club)အဖွဲ့ဝင်များက "အလုပ်ဆိုတဲ့တန်ဖိုးထဲမှာ သိက္ခာပါနေတယ်ဆိုတာ သတိထားကြစေလိုပါတယ်" "အလုပ်ဆိုတာ လူ့စိတ်ကို ရင့်ကျက်စေနိုင်ပါတယ်" စသည့်‌ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ်များအတွက် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ စာအုပ်စာပေဝါသနာရှင်များစုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိအိဖြိုး (ပြန်/ဆက်)