ချမ်းအေးသာစံ ဒီဇင်ဘာ ၂၃
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် ဆန္ဒမဲပေးကြမည့်ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ တတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာမှုများားနှင့် မဲရုံပြင်ဆင်ထားရှိမှုများအား ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြသည်။
ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များက မဲရုံအတွင်း ပြင်ဆင်ထားရှိမှုများ၊ မဲရုံများ၏ လုံခြုံရေးအခြေအနေများထားရှိစေခြင်း၊ မဲရုံများအတွင်း အလင်းရောင်ကောင်းစွာရရှိစေရေး၊ မဲရုံမှူးများနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက် ၂၀ တွင် မဲရုံစုစုပေါင်း ၇၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တတိယအကြိမ်မဲစာရင်းများ ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးမည့် လူဦးရေစုစုပေါင်း ၁,၂၆,၀၆၂ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)