မုံရွာ ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုပ်လုပ်လျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများက အမျိုးသား/အမျိုးသမီး မီတာ - ၈၀၀၊ မီတာ - ၄၀၀ ၊ မီ တာ ၁၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား/ အမျိုးသမီ းအလျားခုန် ဗိုလ်လုပွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအားလည်းကောင်း အမျိုးသား/ အမျိုးသမီး သံလုံးပစ် ဗိုလ်လုပွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား လည်းကောင်း၊ ထုပ်စီးတိုးဗိုလ်လုပွဲပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လည်းကောင်း၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများအတူ တစ်ပျော်တစ်ပါး ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အားကစားပြိုင်ပွဲများသို့ လာရောက်အားပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မဲရုံအမှတ်(၁) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ အမှတ် (၇)အခြေခံပညာအထက်တန်းဝန်းအတွင်းရှိ အောင်မင်္ဂလာရပ်ကွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ အားလိုက်လံကြည်ရှုခဲ့ကြပြီး မဲရုံမှူး၊ ဒုတိယမဲရုံများနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)