တနင်္သာရီမြို့နယ် အသိပညာပေးမြေစိုက်ဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးနံရံကပ်စာစောင်နှင့်မှတ်တမ်းဓာတ်ပုံများ ပြသ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ စာကြည့်တိုကအရှေ့ရှိ အသိပညာပေးမြေစိုက်ဘုတ်တွင် မိဘပြည်သူများ၊ ကျောင်းသား/ သူများနှင့် ခရီးသွားပြည်သူများ လေ့လာသိရှိနိုင်ရန် ပြသပေးကြသည်။