မြန်မာ-လာအိုနယ်စပ်၊ ကျိုင်းလပ်မြို့၌ သုံးဆူကပ်ကျော်စေတီ ထီးတော်တင်နှင့် နဂါးရုံဘုရား၊ ဆရာတော်စံကျောင်းဆောင် ရှင်ဥပဂုတ္တတို့အား ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့၌ သုံးဆူကပ်ကျော်စေတီ ထီးတော်တင် အလှူတော်မင်္ဂလာနှင့် နဂါးရုံဘုရား၊ ဆရာတော်စံကျောင်းဆောင် ရှင်ဥပဂုတ္တတို့အား ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုင်းလပ်မြို့၊ မြန်မာ-လာအိုနယ်စပ် မဲခေါင်ဗျူးပွိုင့် (Mekong View Point) ကမ်းခြေတွင် ကျင်းပပြုလုပ်သည်။

ပုဇွန်တောင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း မြတ်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ ဆရာ/ဆရာမကြီးများ လာရောက်ပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအား အောင်ချက်မြင့်မားစေရန်ရည်ရွယ်ပြီး ပုသိမ်တ္ကသိုလ်မှ ဆရာ/ ဆရာမကြီးများက ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်ကာ နေရာ(၃)နေရာခွဲ၍ ပို့ချပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ စာသင်ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ်(၃)ရပ်ကွက် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားလူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ်သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၂၆) ကျောင်း၌ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်၍ ကျောင်းများအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုး တိုးတက်စေရေး အစီအစဉ်ဖြင့် (KG) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၉၆) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၃၈)ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်အောင်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်တွင် (၃၈)ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော် အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် စာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှု၍ စာအုပ်များပေးအပ်လှူဒါန်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများက စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်များ ရရှိလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူလေးများ၏ စာပေစကားဝိုင်းဆွေးနွေးနေမှုနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်း ပြသထားရှိမှုများကို ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်း ကျောင်းသား/သူများအားကျောင်းတွင်း အာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းတွင် ပညာသင်ယူနေသောKG တန်းမှ ကျောင်းသား/သူ ၂၄၃၂ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယမန်နေ့နံနက်ပိုင်းက တံတားဦးမြို့ မြို့မ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။
Subscribe to